MYCO လမ်းညွှန်

MyCO မှတ်ပုံတင်စနစ်တွင် စာရင်းဖွင့်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် အချက်အလက်များ မှာယူခြင်းတို့အတွက် စီမံခန့်ခွဲရန် ကိစ္စရပ်များ

How to Register a New Company

HOW TO change company details

Logged in users can see the companies their account has the authority to manage. Most filings, including change filings and annual returns can only be filed by users that have authority to manage the company. If you don't already have authority, please see the Requesting Authority section below

1. General Management Steps

  • Begin on the home page as a logged-in user
  • Access companies you have authority over by selecting Companies I Manage in the Manage My Work section
  • Search for the entity by using the search options or scrolling through the available items
  • Select the registration number to open the Company Profile
  • Company Profile management options include:
    • View the filing history and company details.
    • Lodge a new filing by clicking + New Filing
    • Order documents
    • Print Certificate

2. Submit Filings from the Company Profile Page

  • Click + New Filing
  • Select an option from the Form Category dropdown menu
  • Select an option from the Forms Available to File dropdown menu. This contains all forms that are possible to lodge.
  • Click Initiate Filing to redirect to the selected form
  • Enter the required information and click Complete if the filing is ready to submit, or Save Draft to continue working on later. View the progress of a submitted filing on the Active Filings page. Visit the My Incomplete Tasks page to continue working on a saved draft.

3. Active Filings: View all filings lodged by you and their current status.

  • Begin on the home page.
  • Under the Manage My Work, select Active Filings
  • If your account has authority to complete the workflow step, select the blue icon to open and complete a draft filing
  • Select the green icon to view the entire history of the filing
  • Select the + icon to view the filing owner

4. My Incomplete Tasks: This list contains pending tasks that are waiting for you to complete.

  • Begin on the home page.
  • Under the Manage My Work, select My Incomplete Tasks
  • Select the blue icon to open and complete the draft filing
  • Select the green icon to view the entire history of the filing
  • Select the + icon to view the filing owner

5. Determining Filing Fees

  • Select or hover over the Help option in the top navigation menu
  • Select Prescribed Forms and Fees
  • The filing name and transaction fees are listed in a table sorted by filing type
  • Additional forms and service fees are visible by pressing the arrow icons

6. Requesting Authority: Authority allows specific users to view and manage details. When a new company is created, the initiating user automatically has authority.

  • Perform a company search, then select Request Company Authority from the company profile
  • Add a note explaining why you deserve authority and send a request

If there are authorities for the company, the request is sent to them. After 5 days without a response, a second authority request can be created and will be sent to the Registrar for review.

ကုမ္ပဏီအသစ်တစ်ခု မှတ်ပုံတင်ရန်နည်းလမ်း

ကုမ္ပဏီအသစ်တစ်ခုကို မှတ်ပုံတင်ရန်နည်းလမ်း

၁။  MyCO စာရင်းတစ်ခုဖွင့်လှစ်ခြင်း
ကုမ္ပဏီတစ်ခုဖွဲ့စည်းတည်ထောင်ရန် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားတင်ပြရန် ရှေးဦးစွာ MyCO မှတ်ပုံတင်စနစ်တွင် စာရင်းတစ်ခု ဖွင့်လှစ်ရန် လိုအပ်ပါသည်။ စာရင်းအသစ်တစ်ခုဖွင့်လှစ်ရန် စာရင်းတစ်ခု ဖွင့်လှစ်ရန် နည်းလမ်းတွင် ကြည့်ရှုပါ။

၂။ ကုမ္ပဏီမှတ်ပုံတင်ရန် လိုအပ်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်း
MyCO စာရင်းတစ်ခု ဖွင့်လှစ်ပြီးသည်နှင့်တစ်ပြိုင်နက် ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်ရန် သို့မဟုတ် အဖွဲ့အစည်းတစ်ခု မှတ်ပုံတင်ရန် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ကုမ္ပဏီဖွဲ့စည်းရန် လိုအပ်သည့် သတင်းအချက်အလက်များသည် ဖွဲ့စည်းမည့် ကုမ္ပဏီအမျိုးအစားပေါ် မူတည်ပါသည်။ လျှောက်ထားလွှာပုံစံကို ပုံစံများ နှင့် အခကြေးငွေများ စာမျက်နှာတွင် တွေ့ရှိနိုင်ပါသည်။ ပါ၀င်ရမည့်သတင်းအချက်အလက်များမှာ-

ကုမ္ပဏီအမည်
အဆိုပြုကုမ္ပဏီအမည်ကို အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြရမည်။ မြန်မာဘာသာဖြင့် ဖော်ပြလိုက ဖော်ပြနိုင် သည်။

ကုမ္ပဏီ၏ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ
မှတ်ပုံတင်ထားသည့် ရုံးခန်းနှင့် အဓိကစီးပွားရေးလုပ်ငန်း လုပ်ဆောင်သည့်နေရာအပါအ၀င် ကုမ္ပဏီ၏ ဆက်သွယ်ရန် လိပ်စာ (အပြည့်အစုံ) ကို ဖော်ပြရမည်။

ဒါရိုက်တာများနှင့် အတွင်းရေးမှူး
ကုမ္ပဏီ၏ ဒါရိုက်တာများအားလုံးနှင့် အတွင်းရေးမှူး (ရှိခဲ့လျှင်) ကို မှတ်ပုံတင်ရမည်။ မြန်မာနိုင်ငံသား ဖြစ်လျှင် ဒါရိုက်တာနှင့် အတွင်းရေးမှူးတို့၏ အမျိုးသားမှတ်ပုံတင်ကတ်ပြား/ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့် နိုင်ငံခြားသားဖြစ်လျှင် နိုင်ငံကူးလက်မှတ်မိတ္တူတို့ကို ပူးတွဲထည့်ပေးရမည်။

အစုရှယ်ယာမတည်ငွေရင်းနှင့် ကုမ္ပဏီတွင် ပါ၀င်သူများ
အစုရှယ်ယာမတည်ငွေရင်းနှင့် အစုရှယ်ယာရှင်များအားလုံးကို မှတ်ပုံတင်ရမည်။ ကုမ္ပဏီသည် မူရင်းအစုများပိုင်ဆိုင်သည့် ကုမ္ပဏီမှ ထိန်းချုပ်ထားသည့် ကုမ္ပဏီဖြစ်လျှင် အဆိုပါ မူရင်းအစုများ ပိုင်ဆိုင်သည့် ကုမ္ပဏီမှ ထိန်းချုပ်ထားသည့်ကုမ္ပဏီ၏ သတင်းအချက်အလက်များကိုပါ တင်ပြရမည်။

ကုမ္ပဏီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း
ကုမ္ပဏီသည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံကို အသုံးပြုခြင်းမဟုတ်လျှင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းမိတ္တူတစ်စောင်ကို တင်ပြရန်လိုအပ်မည်ဖြစ်သည်။

၃။  အွန်လိုင်းလျှောက်ထားခြင်း
အွန်လိုင်းလျှောက်ထားခြင်းစတင်ရန် MyCO မှတ်ပုံတင်စနစ်၏ မူလစာမျက်နှာသို့ ၀င်ရောက်ပြီး ကုမ္ပဏီအသစ်မှတ်ပုံတင်ခြင်း အချိတ်အဆက်လမ်းကြောင်း (Link) ကို နှိပ်ရမည်။ မှတ်ပုံတင်မည့် ကုမ္ပဏီ အမျိုးအစားကို ရွေးချယ်ပြီး လျှောက်ထားလွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်သွင်းရမည်။ ပေးသွင်းရမည့် အခကြေးငွေကို ပေးသွင်းပြီး မှတ်ပုံတင်အရာရှိမှ ကြည့်ရှုနိုင်ရန် တင်ပြရမည်။ MyCO သို့ Credit Card နှင့် MPU Cards များဖြင့် ပေးသွင်းနိုင်သည်။ ငွေသားဖြင့် ပေးချေရန်တင်ပြခြင်းကို MyCO မှတ်ပုံတင် စနစ်တွင် သိမ်းဆည်းပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးတွင် အခကြေးငွေများ ပေးချေရန် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ပေးချေခြင်းကို သင်၏စာရင်းတွင် စာရင်းတင်ပေးမည်ဖြစ်ပါသည်။ သင်၏ စာရင်းတွင် အခကြေးငွေများ ပေးချေခြင်းကို စာရင်းတင်ပြီးနောက် သင်၏ လျှောက်ထားခြင်းမူကြမ်းကို Active Filings menu option တွင် တွေ့ရှိနိုင်ပါသည်။ လျှောက်ထားခြင်းအတွက် ပေးချေထားကြောင်း သင်၏ပေးသွင်းငွေစာရင်းများကို MyCO မှတ်ပုံတင်စနစ်တွင် ရရှိနိုင်မည် ဖြစ်သည်။ အခကြေးငွေများ မပေးချေမချင်း MyCO မှတ်ပုံတင် စနစ်က သင်၏လျှောက်ထားလွှာကို ဆောင်ရွက်ပေးလိမ့်မည်မဟုတ်ပါ။

၄။  ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မှုသက်သေခံလက်မှတ် လက်ခံရရှိခြင်း
လျှောက်ထားလွှာတင်သွင်းပြီးသည့်အခါ အဆိုပါလျှောက်ထားလွှာကို မှတ်ပုံတင်အရာရှိမှ ကြည့်ရှရန် ပေးပို့မည်ဖြစ်သည်။ သင်၏လျှောက်ထားလွှာကို ခွင့်ပြုသည့်အခါ ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်ကို အီးမေးလ်ဖြင့် သင့်ထံ ပေးပို့မည်ဖြစ်သည်။ သင့်ကုမ္ပဏီ၏ အသေးစိတ် အချက်အလက်များကို အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) တွင် အများပြည်သူများမှ ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။

တည်ဆဲကုမ္ပဏီတစ်ခု ပြန်လည်မှတ်ပုံတင်ရန် နည်းလမ်း

တည်ဆဲကုမ္ပဏီတစ်ခု ပြန်လည်မှတ်ပုံတင်ရန်နည်းလမ်း

၁။  MyCO စာရင်းတစ်ခုဖွင့်လှစ်ခြင်း
တည်ဆဲကုမ္ပဏီ သို့မဟုတ် အဖွဲအစည်းတစ်ခုကို အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ရှေးဦးစွာ MyCO စာရင်းတစ်ခု ဖွင့်လှစ်ရန် လိုအပ်ပါသည်။ စာရင်းတစ်ခုဖွင့်ရန် နည်းလမ်းကို လမ်းညွှန်တွင် ကြည့်ရှုပါ။

၂။ ကုမ္ပဏီ ပြန်လည်မှတ်ပုံတင်ရန် လိုအပ်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်း
MyCO စာရင်းတစ်ခုဖွင့်လှစ်ပြီးသည်နှင့်တစ်ပြိုင်နက် တည်ဆဲကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ပြန်လည်မှတ်ပုံတင်ရန် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ကုမ္ပဏီ ပြန်လည်မှတ်ပုံတင်ရန် လိုအပ်သည့် သတင်းအချက်အလက်များသည် ဖွဲ့စည်းထားသည့် ကုမ္ပဏီအမျိုးအစားပေါ် မူတည်ပါသည်။ လျှောက်ထားလွှာပုံစံကို ပုံစံများနှင့် အခကြေးငွေများ စာမျက်နှာတွင် တွေ့ရှိနိုင်ပါသည်။ ပါ၀င်ရမည့် သတင်း အချက်အလက်များမှာ-

ကုမ္ပဏီအမည်
တည်ဆဲ ကုမ္ပဏီအမည်၊ မှတ်ပုံတင်အမှတ်နှင့် အဆိုပြုကုမ္ပဏီအမည်ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြရမည်။ မြန်မာဘာသာဖြင့် ဖော်ပြလိုက ဖော်ပြနိုင်သည်။

ကုမ္ပဏီ၏ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ
မှတ်ပုံတင်ထားသည့် ရုံးခန်းနှင့် အဓိကစီးပွားရေးလုပ်ငန်း လုပ်ဆောင်သည့်နေရာအပါအ၀င် ကုမ္ပဏီ၏ဆက်သွယ်ရန် သတင်း အချက်အလက်များကို ဖော်ပြရမည်။

ဒါရိုက်တာများနှင့် အတွင်းရေးမှူး
ကုမ္ပဏီ၏ ဒါရိုက်တာများအားလုံးနှင့် အတွင်းရေးမှူး (ရှိခဲ့လျှင်) ကို မှတ်ပုံတင်ရမည်။ မြန်မာနိုင်ငံသား ဖြစ်လျှင် ဒါရိုက်တာနှင့် အတွင်းရေးမှူးတို့၏ အမျိုးသားမှတ်ပုံတင်ကတ်ပြား/နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့် နိုင်ငံခြားသားဖြစ်လျှင် နိုင်ငံကူး လက်မှတ်မိတ္တူတို့ကို ပူးတွဲထည့်ပေးရမည်။

အစုရှယ်ယာမတည်ငွေရင်းနှင့် ကုမ္ပဏီတွင် ပါ၀င်သူများ
အစုရှယ်ယာမတည်ငွေရင်းနှင့် အစုရှယ်ယာရှင်များအားလုံးကို မှတ်ပုံတင်ရမည်။ ကုမ္ပဏီသည် မူရင်းအစုများပိုင်ဆိုင်သည့် ကုမ္ပဏီရှိလျှင် အဆိုပါ မူရင်းအစုများ ပိုင်ဆိုင်သည့် ကုမ္ပဏီ၏ သတင်းအချက်အလက်များကို တင်ပြရမည်။

ကုမ္ပဏီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း
ကုမ္ပဏီသည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံကို အသုံးပြုခြင်းမဟုတ်လျှင် ကုမ္ပဏီ၏ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းမိတ္တူ တစ်စောင်ကို တင်ပြရမည်။

၃။  အွန်လိုင်းလျှောက်ထားခြင်း
အွန်လိုင်းဖြင့် ပြန်လည်မှတ်ပုံတင်ရန်အတွက် MyCO မှတ်ပုံတင်စနစ်၏ မူလစာမျက်နှာသို့ ၀င်ရောက်ပြီး တည်ဆဲကုမ္ပဏီ ပြန်လည်မှတ်ပုံတင်ခြင်း အချိတ်အဆက်လမ်းကြောင်း (Link) ကို နှိပ်ရမည်။ ပြန်လည်မှတ်ပုံတင်မည့်ကုမ္ပဏီအမျိုးအစားကို ရွေးချယ်ပြီး လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်သွင်းရမည်။ လျှောက်ထားလွှာကို ပြည့်စုံစွာ ဖြည့်သွင်းပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြရမည်။ ကုမ္ပဏီပြန်လည်မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေ ပေးဆောင်ရန် မလိုအပ်ပါ။

၄။  ပြန်လည်မှတ်ပုံတင်ခြင်းအတွက် ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မှုသက်သေခံလက်မှတ် လက်ခံရရှိခြင်း
ကုမ္ပဏီပြန်လည်မှတ်ပုံတင်ခြင်းလျှောက်ထားလွှာတင်သွင်းပြီးသည့်အခါ အဆိုပါလျှောက်ထားလွှာကို မှတ်ပုံတင်အရာရှိက ကြည့်ရှုစစ်ဆေမည်ဖြစ်သည်။ သင်၏လျှောက်ထားလွှာကို ခွင့်ပြုသည့်အခါ ပြန်လည်မှတ်ပုံတင်ခြင်းအတွက် နောက်ဆုံး အခြေအနေထိဖော်ပြထားသော ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်ကို အီးမေးလ်ဖြင့် သင့်ထံပေးပို့မည် ဖြစ်သည်။ ပြန်လည်မှတ်ပုံတင်ထားသည့် သင့်ကုမ္ပဏီ၏အသေးစိတ်အချက်အလက်များကို အီလက်ထရောနစ်ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCO) တွင် အများပြည်သူများ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

စာရင်းတစ်ခု ဖွင့်လှစ်ရန် နည်းလမ်း

အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) တွင် စာရင်းတစ်ခုဖွင့်လှစ်ရန်နည်းလမ်း

စာရင်းသစ်တစ်ခုဖွင့်လှစ်ခြင်း

၁။ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) တွင် စာရင်းတစ်ခုဖွင့်လှစ်ခြင်းဖြင့် MyCO မှတ်ပုံတင်စနစ်သို့ ၀င်ရောက်နိုင်ပါသည်။ စာရင်းဖွင့်လှစ်အသုံးပြုသူသည် ကုမ္ပဏီအသစ်မှတ်ပုံတင်ခြင်း၊ ပြောင်းလဲမှုများကို ပေးပို့တင်ပြခြင်း၊ ကုမ္ပဏီစာရွက်စာတမ်းများနှင့် ကောက်နှုတ်ချက်များကို ဆောင်ရွက် ပေးခြင်း၊ ကုမ္ပဏီဆိုင်ရာလုပ်ပိုင်ခွင့်တောင်းဆိုခြင်းတို့ကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ MyCO မှတ်ပုံတင်စနစ်တွင် ကုမ္ပဏီရှာဖွေခြင်းပြုလုပ်ရန် စာရင်းတစ်ခုဖွင့်လှစ်ရန် လိုအပ်မည်မဟုတ်ပါ။

၂။ စာရင်းသစ်တစ်ခုဖွင့်လှစ်ရန် အဆင့် ၂ ဆင့်ရှိပါသည်။ ပထမဦးစွာ စာရင်းဖွင့်လှစ်သည့် ပုံစံကို ဖြည့်သွင်းရန် လိုအပ်ပါသည်။ MyCO စာရင်းအားလုံးတွင် တရား၀င် အီးမေးလ်လိပ်စာ လိုအပ်ပါသည်။ ဒုတိယအဆင့်အနေဖြင့် ဖွင့်လှစ်မည့် စာရင်းသစ် အသက်၀င်ရန် အီးမေးလ်လိပ်စာကို အတည်ပြုရမည် ဖြစ်ပါသည်။ စာရင်းသစ်ဖွင့်လှစ်ရန်ပုံစံကို ပေးပို့ပြီးသည့်နောက် MyCO မှတ်ပုံတင်စနစ်မှ အီးမေးလ် လိပ်စာကို အတည်ပြုရန် အဆိုပါအီးမေးလ်လိပ်စာသို့ အီးမေးလ်ပေးပို့မည်ဖြစ်သည်။ စာရင်းသစ် အသက်၀င်ရန် အီးမေးလ်တွင် ဖော်ပြထားသည့် အချိတ်အဆက်လမ်းကြောင်း (link) ကိုနှိပ်ရမည် ဖြစ်ပါသည်။ စာရင်းအသက်၀င်ပြီးပါက MyCO မှတ်ပုံတင်စနစ်သို့ ချက်ချင်း ၀င်ရောက်နိုင်မည် ဖြစ်ပါသည်။

စာရင်းအသုံးပြုမည့်သူများထပ်တိုးခြင်းနှင့် စီမံခန့်ခွဲခြင်း

၁။ စာရင်းတစ်ခုတွင် အသုံးပြုရန် တစ်ဦးချင်းအနေဖြင့် လုပ်ပိုင်ခွင့်ရရှိထားသူများ (ဥပမာ၊ ဒါရိုက်တာများ၊ အတွင်းရေးမှူးများစသည်ဖြင့်) ရှိနိုင်ပါသည်။ အဆိုပါအသုံးပြုခွင့်ရသူများအနက် တစ်ဦးကို စာရင်း၏ လုံခြုံရေးကို စီမံခန့်ခွဲသူအဖြစ် ခန့်အပ်ထားရမည်ဖြစ်ပြီး ၎င်းသည် အခြားစာရင်းအသုံးပြုသူများထက် အခွင့်အရေး ပိုမိုရရှိမည်ဖြစ်ပါသည်။ အဆိုပါအခွင့်အရေးများတွင် လုပ်ပိုင်ခွင့်ရအသုံးပြုသူများ ထပ်တိုးခြင်း၊ ပယ်ဖျက်ခြင်း၊ စာရင်း၏သတင်းအချက်အလက်များ ဖြည့်သွင်းဖော်ပြခြင်း (ဥပမာ၊ လိပ်စာ ပြောင်းလဲခြင်း) တို့ ပါ၀င်ပါသည်။ ပထမဦးစွာ စာရင်းဖွင့်လှစ်သည့် စာရင်းအသုံးပြုသူသည် စာရင်း ဖွင့်လှစ်ပြီးသည့်အခါ စာရင်းလုံခြုံရေးစီမံခန့်ခွဲသူ အခွင့်အရေးများကို ရရှိမည်ဖြစ်ပါသည်။ ယေဘုယျ စာရင်းအသုံးပြုသူများအနေဖြင့် မှတ်ပုံတင်စာရင်းတင်သွင်းခြင်း၊ ကုမ္ပဏီများရှာဖွေခြင်းနှင့်၎င်းတို့ အသုံးပြုသည့်စနစ်၏ စကားဝှက်များ ပြောင်းလဲခြင်းတို့ကိုသာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ စာရင်း လုံခြုံရေးစီမံခန့်ခွဲသူသည် ၎င်း၏အသုံးပြုသူများ၏လုပ်ဆောင်ခြင်းအတွက် လုံခြုံရေးဆိုင်ရာတာ၀န် ရှိမည် ဖြစ်ပါသည်။

၂။ စာရင်းတွင် စာရင်းအသုံးပြုခွင့်ရသူ တစ်ဦးထပ်တိုးလိုပါက MyCO မှတ်ပုံတင်စနစ်သို့ ၀င်ရောက်၍ စာရင်း၏ သတင်းအချက်အလက်များ နောက်ဆုံးအခြေအနေ/ထပ်မံဖြည့်စွက်ခြင်း သို့မဟုတ် ကြည့်ရှုခြင်းကို နှိပ်ရပါမည်။ ၎င်းနောက် အသုံးပြုသူ ဆိုသည့် ခလုတ်ကို နှိပ်၍ အသုံးပြုမည့်သူနှင့် သက်ဆိုင်သည့်သတင်းအချက်အလက်များကို ထည့်သွင်းရမည် ဖြစ်ပါသည်။

DICA ADDRESS:
No. 1, Thitsar Road
Yankin Township, Yangon

PROUDLY SUPPORTED BY: